မန္တလေးတိုင်းဒေသကြီး

ညောင်ဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် စိုက်ပျိုးရေးဆေးဆိုင်နှင့် စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ အနီးကပ်သင်ကြားပို့ချခဲ့သည့် တက္ကသိုလ်အသီးသီးမှ ဆရာ/မများပြန် လည်ထွက်ခွာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ပြန်လည်ဖြေဆိုကြမည့်  ကျောင်းသား/ကျောင်းသူများ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ အနီးကပ်ဆွေးနွေးပို့ချခဲ့သည့် တက္ကသိုလ်အသီးသီးမှ ဆရာ/ဆရာမများ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးသို့ ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

ငလျင်ဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့် ပြည်သူများအား နိုင်ငံတော်မှထောက်ပံ့ငွေများ ပေးအပ်ခြင်းကို  ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဌာနဆိုင်ရာ အကြီးအကဲများ ဦးဆောင်၍ ကျေးရွာများရှိ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်တွင် “ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” Talk Show ကျင်းပ

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ “ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ငလျင်ဘေးသင့်ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်း ဒုတိယအကြိမ် (အခမဲ့) ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၂၈.၃.၂၀၂၅) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဘေးကြောင့် ငလျင်ဘေးသင့်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအား ဝမ်းပျက်၊ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဒုတိယအကြိမ်အဖြစ် (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ယိုးဒယားကြိုးဖြင့် လူသုံးကုန်ခြင်းယက်လုပ်နည်းသင်တန်းဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု ယိုးဒယားကြိုးဖြင့် ခြင်းယက်လုပ်နည်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၂)လမှ (၅၉)လအရွယ် ကလေးငယ်များအားလုံးကို ပိုလီယိုရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) တိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၂)လမှ (၅၉)လအရွယ်ရှိ ကလေးငယ်များအားလုံးကို ပိုလီယိုရောဂါ ကာကွယ်ဆေး (အစက်ချဆေး)ကို မြို့ပေါ် ရပ်ကွက်များအလိုက် လှည့်လည်တိုက်ကျွေးပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက လွတ်လပ်ရေး ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

G-12 တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအားCamp သွင်းထားရှိမှုကို လာရောက်ကြည့်ရှု

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ လေးစုရပ်ကွက်ရှိ အမှတ် (၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် G-12  တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများကို Camp သွင်းထားရှိမှုကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်ထောင်စုပညာရေးဝန်ကြီး  Dr. ညွန့်ဖေနှင့် ဒုတိယဝန်ကြီးများပါဝင်သောအဖွဲ့မှ လာရောက်ကြည့်ရှုခဲ့သည်။

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။

 မြစ်သားမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါ (OraVacs) ကာကွယ်ဆေးကို ဌာနဆိုင်ရာဝန်ထမ်းများအား တိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့်  ဌာနဆိုင်ရာဝန်ထမ်းများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ဟန့်တားကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများကဦးဆောင်ကာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါ (OraVacs) ကာကွယ်ဆေးကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ယ‌နေ့နံနက် (၉) နာရီအချိန်က တိုက်ကျွေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး