မြစ်သားမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲများ ကျင်းပ

မြစ်သား ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိဒေါ်သီတာအောင်ဦး‌ဆောင်၍ ဝန်ထမ်းများက ဘူတာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားပြီးလိမ္မာ ယဉ်ကျေးစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲများကို အဆိုပါကျောင်းတွင် ဇွန် ၅ ရက်  နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်လှလှဝင်းက ကျောင်းသား၊ကျောင်းသူများအား ယဥ်ကျေးလိမ္မာမူရှိ စေရန်နှင့်စည်းကမ်းရှိစေရန် အကြောင်းအရာများပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီတာအောင်က သဘာဝဘေး အန္တရာယ်ကာကွယ်ရေးအတွက် အသိပညာပေး အကြောင်းအရာများ၊ စာဖတ်ခြင်း အကျိုးကျေးဇူးများ အကြောင်းများနှင့်ကလေးအလုပ်သမားပပျောက်ရေးအတွက် အရေးကြီးပုံအကြောင်းနှင့် ကလေးအလုပ်သမားလျော့နည်းပပျောက်အောင် ကလေးများကို အကာ အကွယ် ပေးရမည့် အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက  စိတ်ပါဝင်စားစွာကြည့်ရှုလေ့ လာခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း (ပြန်/ဆက်)