ဝမ်းတွင်းမြို့နယ်၌ နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဝမ်းတွင်းမြို့နယ်၊ ထီးလှိုင်ကျေးရွာအုပ်စုနှင့် မလွှပင်ကျေးရွာအုပ်စုမှ နှမ်းစိုက်တောင်သူများအား နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ထီးလှိုင်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။