ဝမ်းတွင်း ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး ထရန်စဖော်မာနှင့် ဓာတ်အားလိုင်များ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ဇွန်လ ၄ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးအောင်မျိုးချစ်အေးနှင့် ဒုတိယမြို့နယ်လျှပ်စစ်မန်နေဂျာ (အင်ဂျင်နီယာ) ဦးသိန်းထူးတို့က မြို့နယ်အတွင်းရှိ ထီးလှိုင်(အရှေ့)ကျေးရွာ၌ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံစွဲနိုင်ရေး မြို့နယ်လျှပ်စစ်မန်နေဂျာ ရုံးမှ ရက်(၁၀၀)စီမံချက်ဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ပေ ၄၈၀ ၊ ၁၁/၀.၄ ကေဗွီ (၂၀၀) ကေဗီအေ ထရန်စဖော်မာတစ်လုံးနှင့် ၄၀၀ ဗို့အားလိုင်း ပေ ၁၀၀ အသစ်တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)