ရန်ကုန်တိုင်းဒေသကြီး

မရမ်းကုန်းမြို့နယ်၌ အခွန်ဥပဒေအကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တည်ဆဲအခွန်ဥပဒေ များအရလိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မရမ်းကုန်းမြို့နယ် အမှတ် (၁)ရပ်ကွက်ရှိ ကုန်သည်များနှင့်စက်မှု လက်မှုလုပ် ငန်းရှင်များအသင်း ခန်းမ၌ ကျင်းပသည်။

တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ တစ်သောင်းကျော် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား

“ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့ အခန်းကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနမှ “ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိစေရန်” ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်း အချိန်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် အပါအဝင် နိုင်ငံတစ်ဝှမ်း လုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ တစ်သောင်းကျော် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ''စဉ်းစားမိသောအတွေးများ" စာအုပ်နှင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာကျော်ကျော်လှိုင် ရေးသားသည့် ''စဉ်းစားမိသောအတွေးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်က ပြုလုပ်ခဲ့သည်။

နားမကြားသော ကလေးများကျောင်း (ရန်ကုန်) တွင် အကြားအာရုံချို့ယွင်းအားနည်းသည့် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်) ၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အကြားအာရုံချို့ယွင်းအားနည်းသည့် ကျောင်းသား/သူလေးများအား ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မင်္ဂလွန်းကျေးရွာ၌၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောကို မင်္ဂလွန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအား တာ၀န်ရှိသူများက ကြည့်ရှုအားပေး

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ၊ ဇွန်လ ၁ ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း စာသင်ကျောင်းအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအား တာ၀န်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

သန်လျင်မြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများ၌ အဘိတ်ဆေးခပ်ခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အုတ်ဖိုစုမူလွန်ကျောင်း၊ ကုန်တန်းမူလွန်ကျောင်း ထန်းနှစ်ပင်မူလွန်ကျောင်းနှင့် ရေနံမူလွန်ကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို စုပေါင်းအမှိုက်ကောက်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအနေဖြင့် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက် ‌ရှင်ထွေးညိုမင်္ဂလာကန်‌တော်ပတ်ဝန်းကျင်၌ ဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

သန်လျင်ခရိုင်၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး လေ့ကျင့်ပြင်ဆင်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် သန်လျင်ခရိုင် မီးသတ်ဦးစီးဌာနက စုဖွဲ့လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးဌာန၌ ဆောင်ရွက်လျက်ရှိသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး