ကျောက်တန်းမြို့နယ်တွင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော

ကျောက်တန်း ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မင်္ဂလွန်းကျေးရွာ၌၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောကို မင်္ဂလွန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါ ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆိုင်ရာ ဟောပြောပွဲကို သန်လျင်မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရန်စိုးအောင်မှ မိုးရာသီသစ်ပင်စိုက်ရေး၊ သစ်တောဇီ၀မျိုးစုံမျိုးကွဲနှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။

အခမ်းအနားသို့ သန်လျင်မြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးရန်စိုးအောင်နှင့် တာ၀န်ရှိသူများ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)