သန်လျင် ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အုတ်ဖိုစုမူလွန်ကျောင်း၊ ကုန်တန်းမူလွန်ကျောင်း ထန်းနှစ်ပင်မူလွန်ကျောင်းနှင့် ရေနံမူလွန်ကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဦးစံလင်း၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများနှင့် ကျေးရွာတာဝန်ရှိသူများ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ မိုးဦးကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် အခြေခံပညာကျောင်းများရှိ ရေတွင်း ရေကန်များ၊ ခြင်ပေါက်ပွားနိုင်သည့် နေရာများ၌ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)