ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

ရန်ကုန်  ဇွန်   ၂

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံချိန်တွင် သင်ရိုးညွှန်းတန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးလျက်ရှိပြီး KG နှင့် မူလတန်းကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ် (၄)၊ အမှတ် (၅) နှင့် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းများ၊ ဒေါပုံမြို့နယ်ရှိ မူလတန်း‌ ကျောင်း(၁၂)ကျောင်း၊ အလယ်တန်း ကျောင်း(၄)ကျောင်း၊ အထက်တန်း‌ ကျောင်း (၁) ကျောင်းနှင့် ကိုယ်ပိုင်အလယ်တန်း ကျောင်း (၁) ကျောင်းတို့ရှိ ကျောင်းသား/ကျောင်းသူ (၆၅၆၃) ဦး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၆၃ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၀) ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂၃ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၄၄၀၄၉ ဦး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အခြေခံပညာကျောင်းပေါင်း (၃၈)ကျောင်းတို့တွင်လည်းကောင်း၊ ထန်းတပင်မြို့နယ် အတွင်းရှိ  အခြေခံပညာကျောင်း(၁၄၉)ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း (၁၂) ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၇)ကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၆၄၅၅)ဦး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကိုယ်ပိုင်ကျောင်း စုစုပေါင်း ၇၂ ကျောင်းမှ ကျောင်းသား/ကျောင်းသူပေါင်း (၂၃၁၉၁) ဦး၊ ဒဂုန်မြို့နယ်၊ တွံတေးမြို့နယ်၊ လှည်းကူးမြို့နယ်၊ ခရမ်းမြို့နယ်တို့တွင်လည်းကောင်း၊ သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၄၆) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၇) ကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၂၆၀၉၄) ဦး၊ တံတားမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၊ လမ်းမတော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၁၁)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၇)ကျောင်း၊ အလယ်တန်းကျောင်း(၅)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၁) ကျောင်း၊ မူလတန်းလွန် ကျောင်း (၁၆)ကျောင်း၊ မူလတန်းကျောင်း (၇၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၄)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ (၁၈၅၅၁) ဦး၊ ကျောက်တန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများအားလုံး ရာနှုန်းပြည့်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ကြပြီး ကျောင်းစတင်ဖွင့်လှစ်သည့် ဇွန်လ ၁ ရက်နေ့တွင်လည်း ကျောင်းများအလိုက်၊ အတန်းစဉ်အလိုက် သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားပေးလျက်ရှိသည်။ အလားတူ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး လိုအပ်သည်များ စစ်ဆေးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။