သန်လျင်ခရိုင်၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး လေ့ကျင့်ပြင်ဆင်

သန်လျင် ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် သန်လျင်ခရိုင် မီးသတ်ဦးစီးဌာနက စုဖွဲ့လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးဌာန၌ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လေ့ကျင့်ရာတွင် သန်လျင်ခရိုင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေးအတွက် ရှာဖွယ်ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ မီးသတ်စက်ကိုင်တွယ်အသုံးပြုပုံများကို လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကူညီပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)