သင်္ဃန်းကျွန်းမြို့နယ်၌ သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား အခြေခံစာရင်းရေးစာရင်းကိုင်သင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြား

သင်္ဃန်းကျွန်း ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်တို့ ပူးပေါင်းဆောင်ရွက်သည့်  မြို့နယ်သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေးစာရင်းကိုင်သင်တန်းအား ဇွန် ၁၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါအသင်းရုံးခန်းမ၌ ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။

သင်တန်းအား သင်္ဃန်းကျွန်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိုး၏ စီစဥ်ကြီးကြပ်မှုဖြင့် သင်တန်းနည်းပြဆရာများဖြစ်သည့် တောင်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်ဇော်က စာရင်းရေး၊ စာရင်းကိုင် ဘာသာရပ်အားလည်းကောင်း၊ ရန်ကုန်တိုင်းသမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေနွယ်အေး ကမူဝါဒနှင့် ရှေ့လုပ်ငန်းစဉ် ဘာသာရပ်တို့အားလည်းကောင်း သင်ကြားပို့ချလျက်ရှိသည်။ သင်တန်းကာလပြီးဆုံးမည့် ဇွန်လ ၁၂ ရက်နေ့တွင် ထူးချွန်စွာအောင်မြင်သည့် သင်တန်းသား၊ သင်တန်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု ၂ဆု ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မိုး