လမ်းမတော် ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်မှ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အဖွဲ့ဝင်များနှင့်အတူ ဆေးဝါးလုပ်ငန်းများ၏ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာညီညီ၀င်း ဦးဆောင်သောအဖွဲ့နှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်နှင့်အဖွဲ့၀င်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လမ်းမတော်မြို့နယ်အတွင်းရှိ ဗဟိုစည်ဆေးရုံ၏ဆေးဆိုင်၊ Health Point အထူးကုဆေးခန်း၊ ပိတောက်ဦးဆေးဆိုင်၊မေတ္တာမွန်ဆေးဆိုင်၊ ကိုဟန်တင်+မတင်တင်အောင်ဆေးဆိုင်၊ စွယ်တော်ဆေးဆိုင်၊ ရွှေအိုးဆေးဆိုင်၊ ရွှေတိုးဆေးဆိုင်နှင့် အောင်ပြည့်စုံ ဆေးဆိုင်များတွင် ရောင်းချသော ဆေးဝါးများတွင် ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ မှတ်ပုံတင်အမှတ်၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိနှင့် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်မပါရှိသောဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိတို့ကို အသေးစိတ်စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)