ကိုကိုးကျွန်းမြို့နယ်တွင် ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

ကိုကိုးကျွန်း ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားကို ယနေ့န့နက်ပိုင်းတွင် ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်၍ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အသက် (၁၀) နှစ်ပြည့်ပြီး ကျောင်းသား/ကျောင်းသူများအား အသက် (၁၈) နှစ်ပြည့်ပြီး ပြည်သူများကိုပါ မြို့နယ်ဦးစီးဌာနမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဉီးညီညီစောနှင့် စီမံအဖွဲ့ဝင်များမှ လာရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)