တံတား ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌အသက် (၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပိုလီယိုကာကွယ်ဆေးနှင့် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၈)နာရီက ကျေးလက်ကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးခဲ့သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လာ ရောက်ထိုးနှံသည့် မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအား ကျန်းမာရေးဝန်ထမ်းများမှ အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးနှင့် ပိုလီယိုကာကွယ်ဆေးထိုးဆေး(ဒုတိယအကြိမ်)ကိုလည်း ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းထိုးနှံပေးလျက်ရှိသည်။
ဆက်လက်၍ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဆရာမဒေါ်သီတာက ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အနည်းဆုံး(၈)ကြိမ် ခံယူသင့်ကြောင်း၊ သံဓာတ်အားဆေးပြားကို (၃)လထက်မနည်းသောက်သင့်ကြောင်း၊ အာယာရပြည့်ဝစွာစားပြီး အနားယူသင့်ကြောင်း၊
မူးယစ်ဆေးဝါး ဆေးလိပ်၊ အရက်နှင့် ပင်ပန်းခြင်းများကို ရှောင်ကြဉ်သင့်ကြောင်း၊ မွေးဖွားရာတွင်လည်း ကျွမ်းကျင်သူများနှင့်သာ မွေးဖွားသင့်ကြောင်း ကျန်းမာရေးအသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။
လှိုင်သူဇာ(ပြန်/ဆက်)