မိုင်းရယ်မြို၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ

မိုင်းရယ် ဇူလိုင် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီး၍ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်းချီပြိုင်ပွဲကို ဇွန် ၂၉ ရက်နေ့နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။

အဆိုပါပန်းချီပြိုင်ပွဲတွင် အ.ထ.က၊ အ.လ.က၊ မူလွန်(၁)နှင့် မူလွန်(တပ်တွင်း)ကျောင်းများမှ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၂၀)ဦးက မြန်မာအမျိုးသမီးများ‌နေ့အထိမ်းအမှတ် အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြပြီး စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်ကို ကြည့်ရှုခဲ့ကြသည်။ ထိုသို ပန်းချီပြိုင်ပွဲယှဉ်ပြိုင်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြိုနယ်အဆင့်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲဥက္ကဋ္ဌ ဒေါ်တင်ထွေးရီနှင့်အဖွဲဝင်များက ကြည့်ရှု‌အား‌ပေးခဲ့ကြသည်။

မိုင်းရယ်ပြန်/ဆက်