ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပင်းတယ ဇူလိုင် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇူလိုင် ၁ ရက်နေ့နံနက် ၁၀ နာရီက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်တွေကို ပြည်သူများနှင့် အနီးကပ်ဆုံးထိတွေ့ဆက်ဆံကာ ဆွေးနွေးညှိနှိုင်းဖော်ဆောင်ရမှာဖြစ်ပြီး ပြည်သူ‌တို့ရဲ့ လိုအပ်ချက်နဲ့အသံတွေကိုလည်း နိုင်ငံတော်အစိုးရသို့ ပြန်လည်တင်ပြအကောင်အထည်ဖော်ဆောင်ရွက်ရတဲ့ အစိုးရနဲ့ ပြည်သူကြားက အဓိကကျပါကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်က အုပ်ချုပ်ရေးမှူးများ၏ တာဝန်နဲ့လုပ်ပိုင်ခွင့်၊ ဥပဒေ၊ နည်းဥပဒေတွေကို ပိုမိုနားလည်သဘောပေါက်ပြီး လုပ်ငန်းခွင်မှာ အမှားအယွင်းမရှိလုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို တိုက်တွန်းမှာကြားချင်တာကတော့ အုပ်ချုပ်ရေးမှူးကောင်းတစ်ယောက်ဖြစ်လာဖို့အတွက် အသိပညာ၊ အတတ်ပညာတွေအပြင် စိတ်ဓါတ်နဲ့ ခံယူချက်က အလွန်အရေးကြီးပြီး အုပ်ချုပ်ရေးမှူးများအနေနဲ့ သင်တန်းကပို့ချလိုက်တဲ့ ဘာသာရပ်တွေကို မိမိတို့လုပ်ငန်းခွင်မှာ ထိထိမိမိပြန်လည်အသုံးချကြစေလိုကြောင်းစသည်ဖြင့် ပြောကြားသည်။ ထိုနောက် သင်တန်းပို့ချမည် ဌာနဆိုင်ရာများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခဲ့ကြကြောင်း၊ အဆိုပါအခမ်းအနားသို့ ဓနုဒေသဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောမတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ စာရေးများနှင့်အုပ်ချုပ်မှူးများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)