မိုင်းနောင် ဇူလိုင် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) များ ပြုလုပ်ပေးခြင်းကို ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ကျေးသီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးအောင်ကျော်မိုးနှင့် လဝက ဝန်ထမ်းများမှ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသော ကျောင်းသား (၂၀) ဦး၊ကျောင်းသူ (၃၆) ဦး စုစုပေါင်း (၅၆) ဦးအား နေ့ချင်းအပြီး ပြုလုပ်ပေးကြောင်း သတင်းရရှိသည်။
မနန်း(မိုင်းနောင်)