လင်းခေးတပ်နယ်၏ ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

လင်းခေး ဇူလိုင် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးတပ်နယ်၏ ၂၀၂၆ ခုနှစ် ဒုတိယအကြိမ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက တပ်နယ်စိုက်ကွင်းအတွင်းကျင်းပခဲ့ကြောင်း သိရသည်။

စိုက်ပျိုးပွဲတော်မကျင်းပမီ တပ်နယ်မှူးနှင့်တာဝန်ရှိသူတို့က တပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများထံသို့ ပျိုးပင်များအသီးသီးပေးအပ်ခဲ့ကြသည်။ ယင်းနောက် တပ်နယ်မှူး ဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဌေးတို့ဦးဆောင်၍ တက်ရောက်လာသူများအားလုံးက ပျိုးပင်စုစုပေါင်း (၅၇၀)ပင်အား တစ်ပျော်တစ်ပါးစုပေါင်းစိုက်ပျိုးခဲ့ကြပြီး၊ တပ်နယ်မှူးနှင့်အဖွဲ့က စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှုအားပေးခြင်းနှင့် စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခြင်းတို့ဆောင်ရွက်ခဲ့ကြကာ ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်ကို ရုပ်သိမ်းလိုက်သည်။ စိုက်ပျိုးပွဲတော်သို့ တပ်နယ်မှူးနှင့်တပ်ရင်းတပ်ဖွဲ့များမှ မိသားစုဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ စုစုပေါင်း အင်အား(၄၀၀)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

စိုင်းဇော်လတ်(လင်းခေး)