တောင်ကြီး ဇူလိုင် ၃
ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံသည် စံနမူနာပြရှေ့ပြေးဥပဒေရုံးအဖြစ် ဆောင်ရွက်ထားရှိသည့် တောင်ကြီးခရိုင်ဥပဒေအရာရှိများနှင့် ဝန်ထမ်းများအား ဇူလိုင်လ (၂) ရက်နေ့၊ မွန်းလွဲပိုင်းက တွေ့ဆုံအားပေးသည်။
ထိုသို့ တွေ့ဆုံရာတွင် ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက ရှေ့ပြေးဥပဒေရုံး၏ လုပ်ငန်းများမှာ အမှုများတွင် နစ်နာသူနှင့် အသိသက်သေများ တရားရုံး၌ ကြောက်ရွံ့မှုကင်းပြီး ဖြစ်ရပ်မှန်ကို မှန်ကန်ပြည့်စုံစွာထွက်ဆိုချက်ပေးနိုင်ရေးအတွက် ကူညီပေးရန်ဖြစ်ကြောင်း၊ ဥပဒေရုံးဝန်ထမ်းများအနေဖြင့် အပြစ်ရှိသူများအား ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ပေးနိုင်ရန် ပြည်သူများအား ရသင့်ရထိုက်သည့် အကာအကွယ်ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့် ပတ်သက်၍ တန်းတူခံစားခွင့်ရရှိစေရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ သက်သေထွက်ဆိုချက်များကို သင်ကြားပေးခြင်းမဟုတ်ဘဲ အဖြစ်မှန်ထွက်ဆိုနိုင်ရေး ကူညီပေးနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် တရားစီရင်ရေးကဏ္ဍတွင် ပါဝင်ကြသည့် ဥပဒေအရာရှိများသည် လူတိုင်းဥပဒေနှင့်အညီ၊ အညီအမျှ အကာအကွယ် ရရှိစေရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်းမှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထက်ဝေ(ပြန်/ဆက်)