မိုင်းဖြတ်မြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်လှစ် 

မိုင်းဖြတ် ဇူလိုင် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခနမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်  ဦးညွန့်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းကို နည်းပြဆရာများက ဆွေးနွေးပို့ချခဲ့သည်။

အဆိုပါသင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှ ၂၈ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် နိုင်ငံတော်အစိုရ၏မူဝါဒများ၊ ရည်မှန်းချက်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေများနှင် ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ တက်ရောက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)