ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ စာဖတ်သည့် အလေ့ကျင့်ကောင်းများ ရရှိပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်၊လူရွယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ် ကျင်းပသည့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ(၇) ရက်နေ့၊ မနက်ပိုင်းက၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အင်းသား တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ပြည်နယ်/ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။