ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် ၊မိုင်းသောက်ကျေးရွာ၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

တောင်ကြီး ဇူလိုင် ၈ 

ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ စာဖတ်သည့် အလေ့ကျင့်ကောင်းများ ရရှိပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်၊လူရွယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ် ကျင်းပသည့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ(၇) ရက်နေ့၊ မနက်ပိုင်းက၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်‌ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အင်းသား တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ‌ဒေါ်တင်တင်ရီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်‌ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ပြည်နယ်/ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ပြည်နယ်သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှုင်းတစ်ပ် အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်‌ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)တို့က စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှု မုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်နန်းခမ်းလူက ဘင်ခရာတပ်ဖွဲ့၊ ပန်းပွားအကအဖွဲ့နှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့တိုအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကျောင်းသား/ကျောင်းသူလေးများ၏ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား လည်းကောင်း၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲယှဉ်များနေမှုများအားလည်းကောင်း၊ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများ စာပေဗဟုသုတ လေ့လာဆည်းပူးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

၎င်းနောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မိုင်းသောက်အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြမည်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။ ထို့နောက် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က ကျေးရွာစာကြည့် တိုက်များအတွက် သုတ၊ ရသစာအုပ်စာစောင်များနှင့် အလှူငွေများ၊ အမှတ်တရ ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူ ခဲ့ကြကြောင်း သိရသည်။ ယင်းနောက် အခြေခံပညာအထက် တန်းကျောင်း(ခွ) သလဲဦးမှ ကျောင်သား/ကျောင်းသူလေးများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။ အခမ်းအနားအပြီးတွင် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မိုင်းသောက်ကျေးရွာ ရောင်ခြည်ဦး စာကြည့်တိုက်အတွင်း စာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးတိုးတက်ရေးလှုပ်ရှားမှုအဖြစ် စာကြည့်တိုကပညာသင်တန်း၊ အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်ပို့ချနေမှုနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှု ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ညောင်ရွှေမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကား ပြောကြားပြီး စာပေပညာရှင်များ၊ အကဲဖြတ်ဒိုင်များကို အမှတ်တရ ဂုဏ်ပြုလက်ဆောင်များနှင့် ပြိုင်ပွဲအသီးသီးတွင်ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြ‌ကြောင်း သိရသည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများက သရုပ်ပြတင်ဆက်ကြပြီး အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) သလဲဦးမှ ကျောင်းသူလေးများက “ရွှေအင်းသူတို့ ဖိတ်ခေါ်သံ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)