တောင်ကြီး ဇူလိုင် ၇
ရှမ်းပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်း(SSRESA)၏ အသင်းသား/ အသင်းသူအသစ်များ အား ကြိုဆိုမိတ်ဆက်ခြင်းအခမ်းအနားကို ဇူလိုင်လ(၇)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ စန်းစန်းခန်းမ၌ ကျင်းပကြောင်းသိရသည်။
ဦးစွာ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဗဟိုဥက္ကဋ္ဌ ဦးခင်မောင်သန်းမှ Zoom Meeting မှတစ်ဆင့် အသင်းသား/အသင်းသူများအား ကြိုဆိုမိတ်ဆက်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်၊ ရှမ်း/တောင်အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးအောင်မျိုးကျော်တို့က အမှာစကားပြောကြားကြသည်။ ယင်းနောက် ရှမ်းပြည်နယ်အိမ်ခြံမြေဝန်ဆောင်မှုအသင်းဒုတိယဥက္ကဋ္ဌ(၁) ဦးအောင်ဖြိုးထူးက အသင်း၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် အသင်းသားရေးရာကိစ္စများအား ရှင်းလင်းဆွေးနွေးပြီး အသင်းသား/ အသင်းသူအသစ်များအား မိတ်ဆက်ပေးသည်။
ထို့နောက် ရှမ်းပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်း နာယက ဒေါက်တာနန်းမြင့်သွယ်နှင့် ရှမ်း/တောင် အိမ်ခြံမြေဝန်ဆောင်မှုအသင်း နာယက ဒေါ်နန်းကိန်းငင်းမှ ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားခဲ့ပြီး အသင်း၏ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ကြကြောင်း သိရသည်။
ထက်ဝေ(ပြန်/ဆက်)