လင်းခေး ဇူလိုင် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့ ရွှေတောင်တန်းငွေစုငွေချေးသမဝါယမအသင်းလီမိတက်က အသင်းဝင်များ၏ (၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ်စုဆောင်းငွေအပေါ် အတိုးနှင့်အစုအပေါ် အမြတ်ငွေများပေးအပ်ခြင်းနှင့် အသင်းအလုပ်အမှုဆောင်အဖွဲ့သစ်ရွေးချယ် တင်မြှောက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လင်းခေးမြို့ဝမ်လွိုင်ရပ်ကွက်ဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြဝင်းနှင့် အသင်းဥက္ကဋ္ဌတို့က အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားခြင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေစာရင်းရှင်းတမ်း၊ အမြတ်ခွဲဝေမှုစာရင်းဖတ်ကြားခြင်းနှင့်အသင်းအမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အသင်းသား(၃၅၀)တို့အား စုဆောင်းငွေအပေါ်အတိုးနှင့် အစုအပေါ်အမြတ်ငွေများပေးအပ်ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)