ရှမ်းပြည်နယ်

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို တောင်ကြီးမြို့၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ပြည်သူများအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တောင်ထီဗွာကျေးရွာအုပ်စု နန်းပန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီထိ ရဟန်းရှင်ပြည်သူများအား အထူးကုဆရာဝန်များက ကျန်းမာရေးစစ်ဆေးမှုများနှင့် ဆေးကုသမှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်​ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို အောက်တိုဘာ (၁၇)ရက်၊ ညနေ(၃)နာရီခွဲကတောင်ကြီးမြို့၊ စန်းစန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အောက်တိုဘာ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူငယ်စကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကြက်ဥစားသုံးမှုဖူလုံစေရေး၊  မွေးမြူရေးခြံများ၏ ထုတ်လုပ်မှုမြင့်မားစေရေးနှင့် ကူးစက်ရောဂါများကင်းဝေးစေရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်သည် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွေးဝင်းနှင့်အတူ အောက်တိုဘာလ (၁၉)ရက်နေ့ နံနက် ၉ နာရီအချိန်တွင် နောင်ချိုမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်နေပြီဖြစ်သော ဥစားကြက်မွေးမြူရေးခြံများသို့ မြို့နယ်အတွင်း ကြက်ဉစားသုံးမှုဖူလုံစေရေး၊  မွေးမြူရေးခြံများ၏ ထုတ်လုပ်မှုမြင့်မားစေရေးနှင့် ကူးစက်ရောဂါများကင်းဝေးစေရေး  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ် စိုက်ပျိုးကျေးရွာ အခြေခံပညာမူတတန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာ မူလတန်းကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ် ချက်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ လူငယ်သိပညာပေး ပြပွဲဆောက်ရွက်ခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ(၁၈)ရက် နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊  စိုက်ပျိုးကျေးရွာအခြေခံပညာ မူလတန်းကျောင်း၌ လူငယ်အသိပညာ ပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ၊ နံရံကပ်စာစောင် ပြပွဲ လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျေးရွာမြေငှား ဂရန်ပေးအပ်ပွဲကို အောက်တိုဘာ ၁၈ နံနက် ၁၀ နာရီက ပေါင်လင်းကျေးရွာအုပ်စု၊ နံကင်ကျေးရွာတွင် ကျင်းပခဲ့သည်။

မြန်မာ-ထိုင်းနယ်စပ် ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေး အစည်းအဝေးကျင်းပ

မြန်မာ-ထိုင်းနယ်စပ် ရေကြီးရေလျှံမှုများမှ ကာကွယ်နိုင်ရေးအတွက် မယ်ဆိုင်ချောင်းတလျှောက် ချောင်းတူးဖော်ရေးနှင့် မြေထိန်းနံရံပြုလုပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၇ ရက်နံနက်ပိုင်းက တာချီလိတ်မြို့၊  လမ်းဦးစီးရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းရယ်မြို့ အ.ထ.ကတွင် လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီး၍ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက ပြုလုပ်သည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ် (MCCT) ရည်ရွယ်ချက်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပါင်း၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ် (MCCT) ရည်ရွယ်ချက်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်