နောင်ချို အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်သည် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွေးဝင်းနှင့်အတူ အောက်တိုဘာလ (၁၉)ရက်နေ့ နံနက် ၉ နာရီအချိန်တွင် နောင်ချိုမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်နေပြီဖြစ်သော ဥစားကြက်မွေးမြူရေးခြံများသို့ မြို့နယ်အတွင်း ကြက်ဉစားသုံးမှုဖူလုံစေရေး၊ မွေးမြူရေးခြံများ၏ ထုတ်လုပ်မှုမြင့်မားစေရေးနှင့် ကူးစက်ရောဂါများကင်းဝေးစေရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွေးဝင်းနှင့်အဖွဲ့ဝင်များသည် နောင်ချိုမြို့နယ် နောင်သခေါကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်စုကြားလျန်၏ ဥစားကြက် (၅၂၅၀၀) မွေးမြူထားရှိသော ဥစားကြက်မွေးမြူရေးခြံ၊ နမ့်လင်းခံကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဒေါက်တာခင်သီတာကို၏ ဥစားကြက် (၂၅၇၀၀) မွေးမြူထားရှိသော ဥစားကြက်မွေးမြူရေးခြံ၊ နမ့်လင်းခံကျေးရွာရှိ ရွှေကောင်းကင်ကုမ္ပဏီ၏ ဥစားကြက် (၄၆၅၀၀) မွေးမြူထားရှိသော ဥစားကြက်မွေးမြူရေးခြံများသို့ မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်နေမှုအခြေအနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးကာ ကြက်ဉ ထုတ်လုပ်မှု ပိုမိုတိုးတက်ရရှိစေရေးနှင့် မြို့နယ်အတွင်းစားသုံးမှု ဖူလုံစေရုံသာမက အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချနိုင်ရေး၊ အခြေခံစားသုံးကုန်ဖြစ်သောကြက်ဥကို အများပြည်သူဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေး၊ ကူးစက်ရောဂါများကြိုတင်ကာကွယ်တားဆီးနိုင်ရေးတို့အတွက် လိုအပ်သည်များအား ဖြည့်စွက်ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းဆောင်ရွက်ရမှုအခက်အခဲများအပေါ် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးခြင်း၊ မွေးမြူရေးခြံသုံးပိုးသတ်ဆေးများကို အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)