ရှမ်းပြည်နယ်

မိုင်းတုံ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်‌ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ပူးပေါင်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အထွေ‌‌ထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများပူးပေါင်း၍ ‌မြို့နယ်ရွေးကောက်ပွဲကော်မရှင် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့‌ကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းလုပ်ငန်းများဆောင်ရွက်

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ရခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊‌ ပွေးလှကျေးရွာအုပ်စု၊ ပွင့်လန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးစေခြင်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လဲချားမြို့၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစား မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်ရှိ ပင်စင်စားနိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ယနေ့နံနက် (၈) နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းရယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာ 

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကိုအောက်တိုဘာ ၁၉ ရက် ညနေပိုင်းကစတင်ပြီး မိုင်းရယ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင်ကြေညာထားရှိသည်။

တန့်ယန်းမြို့နယ်တွင် သံဃာ့ဆေးကုသဆောင်သစ်ဖွင့်ပွဲနှင့် လှူဒါန်းရေစက်ချပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် စုပေါင်းအလှူရှင်များမှ ဆောက်လုပ်လှူဒါန်းခဲ့သော သံဃာ့ဆေးကုသဆောင် နှစ်ထပ် ဆောင်သစ်ဖွင့်ပွဲနှင့် လှူဒါန်းရေစက်ချပွဲ အခမ်းအနားကို ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

တန့်ယန်းမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာထားရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့်  လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက်များကို အောက်တိုဘာ ၁၉ ရက် ညနေပိုင်းတွင်စတင်ကြေညာထားရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်  လက်တွေ့သရုပ်ပြစမ်းသပ်မဲပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် မိုင်းထလန်းကျေးရွာအုပ်စု၊ယောင်းခကျေးရွာ၌ အောက်တိုဘာ ၁၉ ရက်က မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်ဖြင့်   လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်သည်။ အခမ်းအနားတွင် ဒေသခံမဲဆန္ဒရှင်ပြည်သူ (၁၁၇၃)ဦးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့် လက်တွေ့စမ်းသပ် မဲပေးခဲ့ကြကြောင်း သိရသည်။

နောင်ချိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင် နောင်ချိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် မဲရုံအဖွဲ့ဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို နောင်ချို မြို့နယ်ခန်းမ၌  အောက်တိုဘာ ၁၈ရက်နှင့်၁၉ရက်တို့တွင် ကျင်းပသည်။

မူဆယ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း အသိပေးကြေညာ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်းများကို ယနေ့ နံနက်ပိုင်းကစတင်ပြီး မူဆယ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားရှိသည်။

လဲချားမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်သည်။
Subscribe to ရှမ်းပြည်နယ်