ပင်လောင်း အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တောင်ထီဗွာကျေးရွာအုပ်စု နန်းပန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီထိ ရဟန်းရှင်ပြည်သူများအား အထူးကုဆရာဝန်များက ကျန်းမာရေးစစ်ဆေးမှုများနှင့် ဆေးကုသမှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းဆေးကုသရာတွင် ရဟန်းရှင်ပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ECG စက်ဖြင့် ရောဂါစစ်ဆေးပေးခြင်း၊ အထွေထွေရောဂါများ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးရာ ဆေးကုသမှုခံယူရန်လိုအပ်သူများကို ရောဂါကုသပေးခြင်းနှင့် သက်ဆိုင်ရာ ရောဂါစားဆေးသောက်ဆေးများကို ပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆေးကုသမှုများကို ကလောခရိုင် ပြည်သူ့ဆေးရုံကြီးမှ အရိုးအထူးကု၊ ကလေးအထူးကု၊ မေ့ဆေးအထူးကု၊ သားဖွားနှင့်မီးယပ်အထူးကု၊ ခွဲစိပ်အထူးကု၊ သွားနှင့်ခံတွင်း ဆရာဝန်များက ရဟန်းရှင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်သိန်းထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ထိုသို့ ကွင်းဆင်းဆေးကုသပေးရာတွင် နန်းပန်းကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ရဟန်းရှင်ပြည်သူ (၄၈၃) ဦးကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်