မိုးနဲမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အခြေခံပညာဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အခြေခံပညာကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲကို စက်တင်ဘာလ(၅)ရက်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။