ရှမ်းပြည်နယ်

တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး သင်ထောက်ကူပြုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် သင်ထောက်ကူပြုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။

နားကန်းအခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ နားကန်းအခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသားလူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

မိုင်းကိုင်မြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT)ဆင်းပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ဥပဒေရေးရာဝန်ကြီးဌာန၊ မြို့နယ်ဥပဒေရုံးမှဖွင့်လှစ်‌သော ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်မဲမြို့၊ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်း(အ.လ.ကခွဲ)၌ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID လုပ်ငန်းများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်သည့် ဝန်ထမ်းများသည် ရက်(၁၀၀) "လမင်း" စီမံချက်အရ ယနေ့တွင် ရပ်ကွက်(၇)ရှိ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်း(အ.လ.ကခွဲ)၌ ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် Biometric (UID) ဇီဝအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီးဝန်ဆောင်မှုအဖြစ် ကွင်ဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ကျင်းပမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို အောင်ဇေယျဘက်စုံအားကစားတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၆ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည့် အားကစားဆိုင်ရာအစည်းအဝေးတွင် သိရသည်။

မိုင်းခတ်မြို့နယ် လူထုအခြေပြုဟိုဌာန၌ စာရေးဆရာ နန္ဒာသိန်းဇံ၏ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Women Club) တို့ပူးပေါင်း၍ စာရေးဆရာနန္ဒာသိန်းဇံ ရေးသားသည့် ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မိုင်းခတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တာချီလိတ်မြို့၌ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်၊ ဓါတ်ပုံနှင့် စာအုပ်ပြပွဲကျင်းပ

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်၊ ဓါတ်ပုံနှင့် စာအုပ်ပြပွဲအခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တာလော့တွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

မိုင်းယန်းခရိုင်/ မိုင်းယန်းမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ပို့ချ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအားကို ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သင်ကြားပို့ချသည်။

မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(အ.လ.က-၂)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်