မိုင်းခတ် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Women Club) တို့ပူးပေါင်း၍ စာရေးဆရာနန္ဒာသိန်းဇံ ရေးသားသည့် ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မိုင်းခတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အကြောင်းနှင့် စာရေးဆရာ နန္ဒာသိန်းဇံ၏ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်းစာအုပ်မှ ခေါင်းစဉ်များအကြောင်း ဆွေးနွေးပြောကြားပြီး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း( Women Club) မှ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ချစ်စုစိုးသန်း၊ ဒေါ်ဆွေဆွေနှင်း၊ ဒေါ်နန်းဇာဖြူငြိမ်းနှင့် ဒေါ်ကျော့ကေခိုင်ဝင်းတို့က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်သည့်စာအုပ်မှ ဝိုးတဝါးလမ်းနှင့် အတွေးအမြင် အလင်းရောင်၊ တွေဝေခြင်းကို ကျောခိုင်းခြင်း၊ ကိုယ့်ဝန်းကျင်ကိုပါ စင်ကြယ်နိုင်စေသူနှင့် ပုလဲကောင်း လိုသော် နက်နက်ငုပ်စသည့် ခေါင်းစဉ်ပါစာပိုဒ်များကို ဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကာ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)