မိုင်းယန်းခရိုင်/ မိုင်းယန်းမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ပို့ချ

မိုင်းယန်း ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအားကို ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သင်ကြားပို့ချသည်။

ရှေးဦးစွာ မြို့နယ်ဥပဒေအရာရှိ ဦးအောင်မျိုးဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သတ်၍ ဥပဒေအသိပညာများကို အလေးထားသင်ယူလေ့လာပြီး အုပ်ချုပ်ရေး ဆိုင်ရာဆောင်ရွက်မှုများတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ သင်တန်းတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ၊ လောင်းကစားဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဆိုင်ရာများကို သင်ကြားပို့ချလျက်ရှိပြီး သင်တန်းသားစုစုပေါင်း (၂၆) ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းအား ရှမ်းပြည်နယ်ဥပဒေရုံးချုပ်မှ ရေးဆွဲသည့်သင်တန်းစီမံချက်နှင့်အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဇူလိုင်လ (၁၆) ရက်နှင့် (၁၇) ရက်နေ့တို့တွင် သင်ကြားချိန် စုစုပေါင်း (၆) ချိန်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းထူး