မိုင်းယောင်း ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျွမ်းကျင်-၃(ရုပ်သံ) ဒေါ်နန်းစီဖေါင်းက ပြိုင်ပွဲကျင်းပခြင်းနှင့်ပတ်သက်၍ပြောကြားပြီး စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ဝေဝေခိုင်က ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား၊ကျောင်းသူ ၃၅ ဦးတို့က “ကိုးဦးဇာနည်”ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ဝေဝေခိုင်(ပြန်/ဆက်)