မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းဆတ် ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(အ.လ.က-၂)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာရွှေက "ဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်မှုလျော့ချရေး"၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇင်လတ်က ''မီးဘေးအန္တရာယ်အကြောင်း''၊ လူကုန်ကူးမှုတား ဆီးကာကွယ်ရေးတပ်ဖွဲ့စု(၃)မှ ရဲအုပ် မျိုးမြင့်ဝင်းက "လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပြစ်မှု ပြစ်ဒဏ်များ"၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦးက "လူငယ်နှင့်အောင်မြင်ရေး"နှင့် မူးယစ်တပ်ဖွဲ့စု(၂၉)မှ ခေတ္တတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး စိုးသူရက " ရှောင်ရှားကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်" စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောသည်။ ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသည့် ‌ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား အသိပညာပေးလက်ကမ်းစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)