လားရှိုး ဇူလိုင် ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် လားရှိုးခရိုင် အခြေခံပညာအလယ်တန်းအဆင့် အတွေ့အကြုံရှိ ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာတတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF Level-2) ဆိုင်ရာ အရည်အသွေးမြှင့် ခရိုင်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲ သင်တန်းကို ယနေ့နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမတွင်ပြုလုပ်ရာ ခရိုင်ပညာရေးမှူး ဦးအေးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် လားရှိုးမြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမော်က သင်တန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပြောကြားပြီး အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီး ဦးကျော်ဦးက သင်တန်းနှင့်ပတ်သက်သည့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ ဟိုပန်၊ တန့်ယန်းခရိုင်တို့မှ ဆရာ၊ ဆရာမ ၁၇ ဦးတက်ရောက်ဆွေးနွေးကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ၃ ရက်ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)