နမ့်စန်မြို့နယ် အမှတ်(၄)ကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များ ပြည်သူများလက်ဝယ်အရောက် ပေးအပ်
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင် နမ့်စန်မြို့နယ်တွင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ မြေပိုင်ဆိုင်မှုအခွင့်အရေးခိုင်မာစေရန်နှင့် စိုက်ပျိုးနေထိုင်မှုဘဝလုံခြုံစိတ်ချရစေရန်အတွက် ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သော ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၄)ကျေးရွာ အာသောကရာမကျောင်းတိုက်ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။