နမ့်စန်မြို့နယ် လွယ်ကပ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးဘေးတွင် ပျိုးပင်ပေါင်း ၅၀၀ စုပေါင်းစိုက်ပျိုး

နမ့်စန်(တ) ဇူလိုင် ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ဒုတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက နောင်ဟီးကျေးရွာအုပ်စု၊ လွယ်ကပ်ကျေးရွာအနီး နမ့်စန်-ခိုလန် ပြည်ထောင်စုလမ်းမကြီးဘေးတွင် ဆောင်ရွက်ခဲ့သည်။

ဦးစွာ နမ့်စန်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ပျိုးပင်များ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ထို့နောက် နမ့်စန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဉာဏ်လင်းတို့က ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးလွင်တာပူးနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျေးရွာနေပြည်သူများက မဟော်ဂနီ(၁၅)ပင်၊ ပနားမားငု(၂၅၀)ပင်၊ တောင်တမာ(၅၅) ပင်၊ ချယ်ရီ (၈၀)ပင်နှင့် ယူကလစ်(၁၀၀)ပင် စုစုပေါင်း ပျိုးပင် (၅၀၀)ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။                  

သူရအောင်(နမ့်စန်)