မြောက်ဦးမြို့ အောင်မင်္ဂလာကျောင်းတိုက်မှ ရဟန်းသံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်း လောင်းလှူ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းအတွင်း၌ သီတင်းသုံး နေထိုင်တော်မှုကြကုန်သော ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာသာမိနှင့် သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ယောဂီများ တရားကျင့်ကြံပွားများအားထုတ်ရာ၌ ဆွမ်းအဆင်ပြေစေရေး အတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများမှ ယနေ့ညနေ ၃ နာရီခွဲက ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ် ဒါနပြု လောင်းလှူခဲ့ကြောင်း သိရသည်။