ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၁၅) ရက်နေတွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ပေါက်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် စစ်တုရင်ပြိုင်ပွဲကျင်းပ

(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ယနေ့ နေ့လယ် ၁ နာရီက စာအုပ်ပြပွဲနှင့် စစ်တုရင်ပြိုင်ပွဲကျင်းပသည်။

မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာတောင်သူ လယ်သမားများအား နွေစပါးတိုးချဲ့ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းပညာပေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာတောင်သူလယ်သမားများအား နွေစပါးတိုးချဲ့ စိုက်ပျိုးနိုင်ရေးကွင်းဆင်း ပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း (ခွဲ) ကျောင်းခန်းမ၌ ပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်‌စေရေး လူနေအိမ်များနှင့် ဈေးဆိုင်များသို့ သွားရောက်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များရှိ  လူနေအိမ်များနှင့် ဈေးဆိုင်များသို့ သွားရောက်ကာ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေးခဲ့သည်။

ဂွမြို့နယ်တွင် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေး

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာ ရုံးဝန်ထမ်းများနှင့် စာငှား/စာဖတ်ပရိတ်သတ်များအား စာပေဖတ်ရှုမှု အဆင်ပြေစေရန် မိုဘိုင်း စာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ရုံးဌာနများအရောက် သွားရောက်ငှားရမ်း ပေးခဲ့ သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြေပြင်လူဦးရေစာရင်းဆိုင်ရာအချက်အလက်များ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများက ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အခြေခံလူဦးရေးစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက  ကညင်တန်းရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျောက်ဖြူမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် ကျောက်ဖြူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးသို့သွားရောက်၍ စာအုပ်၊စာစောင်များအား အခမဲ့ငှားရမ်းခဲ့ကြသည်။

အမ်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် (၃) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ် သမားပပျောက်‌ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အား မိတ်ဆက်ရှင်းလင်းခြင်းနှင့် ဖြန့်ဝေခြင်းအခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်အား မိတ်ဆက်ရှင်းလင်းခြင်းနှင့် ဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါက်တောမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားသူများ အဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှု မြင့်မားရေးအတွက် ယနေ့ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေးကြသည်။
Subscribe to ရခိုင်ပြည်နယ်