မာန်အောင်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံးဝန်ထမ်းများအား စာအုပ် စာစောင်မျာငှားရမ်းပေး

မာန်အောင်  ဒီဇင်ဘာ 

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့် ဌာနဆိုင်ရာ ရုံးဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာပေဖတ်ရှုမှု အဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် (အခမဲ့) ငှားရမ်းဝန်ဆောင်မှုပေးလျက်ရှိရာ ယနေ့ နေ့လယ် ၁၂ နာရီက မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံးဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးခဲ့သည်။

မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးရာတွင် သုတရသဝတ္တုစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များကို တစ်ပတ်ငှားရမ်းပြီး တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်ဖြင့် ပြန်လည်လဲလှယ်ငှားရမ်းပေးသည့် စနစ်ဖြင့် (အခမဲ့) ငှားရမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)