ပေါက်တော ဒီဇင်ဘာ ၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ဌာဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ဘဝမ်းချောင်းဝစုရပ်ကွက်ရှိ မင်းစောမွန် လမ်းဖွင့်ရန်လျားတားပါကြောင်း၊ မြို့သန့်ရှင်းသာလှပရေးကိစ္စရပ်များ၊ အပတ်စဉ် စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးကို ဌာနဆိုင်ရာများ အနေဖြင့် မပျက်မကွက်လာရောက်ကြစေလိုကြောင်း၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့် အတွက် မိမိတို့ရုံးဌာနများအား ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ရုံးတွင်း/ပြင် သန့်ရှင်းရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကိစ္စရပ်များ ဆောင်ရွက်ထားရှိစေလိုပါကြောင်း၊ IDP Camps များအတွင်း Covid-19 ရောဂါကာကွယ်ဆေး ကျောင်းအခြေပြုထိုးနှံခြင်းကိစ္စရပ်များ၊ မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးတို့ကို အလေးထားဆောင်ရွက်သွားကြ စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဌာဆိုင်ရာများက မိမိတို့၏ ဌာနလုပ်ငန်းအခြေအနေများ သက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့်အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)