ဂွမြို့တွင် ၂၀၂၂-၂၀၂၃ခုနှစ်ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဖုန်းပြုပြင်နည်း သင်တန်းဖွင့်
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ၂၀၂၂-၂၀၂၃ခုနှစ်ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဖုန်းပြုပြင်နည်း သင်တန်းဖွင့် အခမ်းအနားကို ယမန်နေ့ညနေ(၃) နာရီအချိန်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။