မွန်ပြည်နယ်

မုဒုံတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ စောင်ပြပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့က အ.မ.က ကော့ဟပရောက်နှင့် ကျောင်းနောက်ရပ်စာသင်ကျောင်းများ၌ ကျင်းပသည်။

သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာ၊ မူလတန်းလွန်ကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဝယ်သွန်ချောင်ကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့နယ်အတွင်းရှိ တောင်သူများအတွက် ဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာ ဖြင့်ရောင်းချပေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ တောင်သူများစပါးသီးနှံစိုက်ပျိုးမှုနှင့် အခြားစိုက်ပျိုးရေးကဏ္ဍများ၌ အောင်မြင်ဖြစ်ထွန်းစေရန် မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့်  ယူရီးယားဓာတ်မြေသြဇာကို ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့်  ယနေ့နံနက် ၈ နာရီက ရောင်းချပေးသည်။

ဘီးလင်းမြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာ​ကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး နယ်လှည့် စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်များခင်ကျင်းပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာအုပ်စု ရေဖြူကန်ကျေးရွာ  အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြု လုပ်ခဲ့ သည်။

ကျိုက်မရောမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးအဆောက်အဦများ မီးဘေးကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေးစစ်ဆေး၍ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအဆောက်အဦများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်  မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)ရုံးရှေ့၌ ကျင်းပပြုလုပ်သည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်အတွင်းရှိ ပြည်သူများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်ပြီး အသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ် မုရစ်ကလေးကျေးရွာတွင် ဒေသဖွံဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများက ပြည်သူများနှင့်တွေ့ဆုံ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ကျေးရွာမှ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့က(ဝယ်လန်း၊ မုရစ်ကလေး) ကျေးရွာအုပ်စုရှိ ပြည်သူများအား မုရစ်ကလေးကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်သည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း တက်ရောက်

မွန်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၅ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းမ၌ကျင်းပပြုလုပ်ရာမွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်အဆင့်ဝန်ကြီးများ၊ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများတတ်ရောက်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသ့ဖွံဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒီဇင်ဘာ ၆ ရက်နံနက်ပိုင်းတွင် မြမာလာကျေးရွာ ဘုန်းတော်ကြီး ကျောင်း(ဓမ္မာရုံ)နှင့် မွန်းလွဲပိုင်းတွင် နှစ်ကိုင်းကျေးရွာ ရွာလယ်ဘုန်းတော်ကြီးကျောင်း (ဓမ္မာရုံ)တို့၌ ကွင်းဆင်း၍  ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံသည်။

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနဌာန၌ “သင့်ဘဝကို ပြောင်းလဲပစ်နိုင်မယ့်နည်းလမ်း ၆၀” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မော်လ​မြိုင်ခရိုင်၊ သံဖြူဇရပ်​မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက “စာရေးဆရာမ ခင်စောတင့် ရေးသားသော” “သင့်ဘဝကိုပြောင်းလဲပစ်နိုင်မယ့် နည်းလမ်း ၆၀”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်