မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ပြုလုပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လာနေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်မှ မြို့နယ်အဆင့်ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့နယ်၌ မြို့နယ်အဆင့် အခြေခံပညာ ကျောင်းပေါင်းစုံ ပြေး၊ ခုန်၊ ပစ်၊ ပြိုင်ပွဲနှင့် ဘောလုံး၊ ဘောလီဘောအားကစား လူရွေးချယ် ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ၊ လူရွေးပွဲနှင့် အသက် ၁၈ နှစ်အောက် အထက်တန်း၊ အလယ်တန်းအဆင့် အမျိုးသမီး၊ အမျိုးသား ဘောလီဘောနှင့် ဘောလုံးအားကစားသမား ရွေးချယ်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ် မိုးလုံ၊ လေလုံ အားကစားဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့ အခြေခံပညာမူလတန်း ကွမ်ကသောင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့က်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ စောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့က အခြေခံပညာမူလတန်း ကွမ်ကသောင် စာသင်ကျောင်း၌ ကျင်းပသည်။

နတ်မှော်ကျေးရွာ၊ ဆင်းရွှေကြာ(၂)မျိုးစေ့ထုတ်စိုက်ခင်း စိုက်နည်းစနစ်ကွင်းသရုပ်ပြခြင်းနှင့် မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ နတ်မှော်ကျေးရွာအုပ်စု တောင်သူဦးမြင့်ထွန်း၊ ဦးအုံးသွင်တို့၏ လယ်မြေပေါ်တွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံနေကြာစိုက်နည်း စနစ်ကွင်းသရုပ်ပြခြင်းနှင့် မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်ကကျင်းပရာ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

မုဒုံမြို့၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းငွေကျပ်သိန်း ၃၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကွမ်တာ(ရွာဟောင်း)ကျေးရွာတွင် လုပ်ငန်းဆောင်ရွက်နေမှုများကို  နိုဝင်ဘာနောက်ဆုံးအပတ်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ပေါင်မြို့နယ်တွင် အသက်(၂)နှစ်​အောက် က​လေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

မွန်ပြည်နယ် သထုံမြိုင်ခရိုင်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှအသက်(၂) အောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် လူကုန်ကူးမှုအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ယမန်နေ့နံနက်(၁၀)နာရီအချိန်က လူကုန်ကူးမှုအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ကျေးရွာများအား စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ကွင်းဆင်း ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာများသို့စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက လက်ပံကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စုဝင်အား ထောက်ပံ့ငွေနှင့် ပစ္စည်းထောက်ပံ့ပေးအပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တိုးချဲ့ရပ်ကွက် အကွက်အမှတ်(၄)၌ ဒီဇင်ဘာ (၃)ရက်နေ့က မီးလောင်မှုကြောင့် နေအိမ်(၁)လုံးပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါနေအိမ် အိမ်ထောင်စုဝင်အား ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် (၁၁)နာရီက မီးဘေးသင့်ပြည်သူထံ သွားရောက်ထောက်ပံ့ပေးခဲ့သည်။

သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွမ်သတ်ကျေးရွာနှင့် နှစ်ကိုင်းကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပဒံငံကျေးရွာ မူလတန်းကြိုကျောင်းနှင့် မွန်းလွဲပိုင်းတွင် ကွမ်သတ်ကျေးရွာ ဘုန်းကြီးကျောင်းဟောင်းတို့၌ ကွင်းဆင်း၍  ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံသည်။
Subscribe to မွန်ပြည်နယ်