ကျိုက်မရောမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးအဆောက်အဦများ မီးဘေးကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေးစစ်ဆေး၍ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသ

ကျိုက်မရော   ဒီဇင်ဘာ   ၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအဆောက်အဦများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်  မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)ရုံးရှေ့၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး စိစစ်ကြပ်မတ်ရေးအဖွဲ့များက မီးဘေးလုံခြုံရေးနှင့်ပါတ်သက်၍  ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးကြပ်မတ်ပြီး  ဝန်ထမ်းများအား ရုတ်တရက်မီးဘေးအန္တရာယ်ကြုံတွေ့ပါက ချက်ချင်းမီးငြှိမ်းသတ်နိုင်ရန် မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်သောင်းဦးက လက်တွေ့ပြသပေးခဲ့သည်။ ထို့နောက် မြို့နယ်လျှပ်စစ်ဌာနမှတာဝန်ရှိသူများ၊ စည်ပင်အင်ဂျင်နီယာ၊ ဘေးစီမံဌာနဦးစီးအရာရှိနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ မီးဘေးလုံခြုံရေးအတွက် ဦးစားပေးဆောင်ရွက်ထားရှိမှု၊ မီးဘေးစီမံချက်ပါအတိုင်းလေ့ကျင့်ထားရှိမှုများကို စစ်ဆေးပေးခဲ့ပြီး ရေသိုလှောင်ကန်၌ ရေအပြည့်ထားရှိရေး၊ မီးဘေးကြုံလာပါက မီးသတ်ဌာနသို့အချိန်မီ ဆက်သွယ်နိုင်ရန် ဌာနရှိဝန်ထမ်းများအား မီးသတ်ဦးစီးမှူးဖုန်းနှင့်ရုံးဖုန်းများကို သိရှိထားရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားကာ မီးငြှိမ်းသတ်နည်းသရုပ်ပြခြင်းကို လက်တွေ့ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 မြို့ နယ်  (ပြန်/ဆက်)