မွန်ပြည်နယ်

မော်လမြိုင်ခရိုင် Community Centre ခန်းမတွင် “မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် (၁၀) နာရီ အချိန်ခန့်က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့၊ အ‌မက(အောင်သပြေ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့်ပြပွဲများဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့အခြေခံပညာမူလတန်း(အောင်သပြေ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ် မြို့နယ်၌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျေးရွာနေပြည်သူများ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒီဇင်ဘာ ၈ရက်နံနက်ပိုင်းတွင် ဝယ်ဝင်ကရာ သုခမင်္ဂလာ ဘုန်းတော်ကြီးကျောင်း (ဓမ္မာရုံ)နှင့် ဝဲကလိကျေးရွာ ဘုရားလေးဆူဘုန်းကြီးကျောင်း (ဓမ္မာရုံ)တို့၌ ကွင်းဆင်း၍  ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံကန်တော်ကြီးကန်ပတ်လမ်းဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံကန်တော်ကြီးကန်ပတ်လမ်း ကတ္တရာထပ်ပိုးလွှာလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်(၄)ရပ်ကွက်ရှိ ကန်ပတ်လမ်းယာဝဘောဇနကျောင်းရှေ့၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့်တာဝန်ရှိသူများ တက်ရောက်သည်။

မုဒုံမြို့နယ် ကန်တော်ကြီးကန်အတွင်းသို့ ငါးသားပေါက်ကောင်ရေတစ်သိန်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မုဒုံမြို့နယ်ရှိ ကန်တော်ကြီးကန်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီ ၄၀ မိနစ်အချိန်က ကျင်းပသည်။

ချောင်းဆုံမြို့နယ် ရွာလွတ် (အ.ထ.က)နှင့် မုဒွန်းနောက်(အ.မ.က)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်

ကျောင်းသား/ သူများ ပြည်သူများ စားသုံးနေသည့် အစားအစာများ ဘေးဥပါဒ်ကင်းရှင်းစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှု အပေါ်အခွင့်အရေးရရှိစေရန် အတွက်ရည်ရွယ်ပြီး မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး ဒီဇင်ဘာ (၇)ရက်နေ့နံနက်က ချောင်းဆုံမြို့နယ် ရွာလွတ်(အ.ထ.က) ကျောင်းနှင့် မွန်းလွဲပိုင်းတွင် မုဒွန်းအနောက် (အ.မ.က)ကျောင်းတွင် လည်းကောင်းစားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။

၂၀၂၂ ခုနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက်

မွန်ပြည်နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့်  အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်၌ ဒေသဖွံဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်ကွင်းဆင်း ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျေးရွာနေပြည်သူများ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များ အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများက ယမန်နေ့ နံနက်ပိုင်းတွင် ပငကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် မွန်းလွဲပိုင်းတွင် ဝယ်သွန်ချောင်ကျေးရွာ ဂျပန်ဘုရား(ဓမ္မာရုံ)တို့၌ ကွင်းဆင်း၍ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ သမိုင်းဝင် ရတနာမဉ္ဇူ ဆုတောင်းပြည့် မာရ်အောင်မြင် စေတီတော်မြတ် စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း တက်ရောက်

ပေါင်မြို့နယ်၊ မုတ္တမတောင်ရိုးတန်းတောင်ခြေအနီး၊ ဇေတ၀န်ရပ်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရတနာမဉ္ဇူ ဆုတောင်းပြည့်မာရ်အောင်မြင်စေတီတော် စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းက ပေါင်မြို့နယ်၊ ဇေတဝန်ရပ်၊ သမိုင်းဝင်ရတနာမဉ္ဇူဆုတောင်းပြည့် မာရ်အောင်မြင်စေတီတော်မြတ်ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သပ်များ တက်ရောက်သည်။

မော်လမြိုင်မြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

မော်လမြိုင်မြို့နယ်၊ လူမှု၀န်ထမ်းဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုအန္တရာယ်အကြောင်းအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Subscribe to မွန်ပြည်နယ်