ဘီးလင်းမြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာ​ကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသ

ဘီးလင်း ဒီဇင်ဘာ ၇

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး နယ်လှည့် စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်များခင်ကျင်းပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာအုပ်စု ရေဖြူကန်ကျေးရွာ  အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြု လုပ်ခဲ့ သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ကျောင်းသား၊ကျောင်းသူများအား  မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ အသိဉာဏ်ကြွယ်ဝစေဖို့ကျောင်းစာအပြင် အားလပ်ချိန်များတွင် ပြင်ပဗဟုသုတ စာအုပ်များဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ၎င်းတို့စိတ်ကြိုက် ရွေးချယ်ဖတ်ရှုထားသည့် စာအုပ်များဖြင့်ပုံပြော ပြိုင်ပွဲကိုကျင်းပပေးခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍  လူကုန်ကူးမှုကာကွယ်တားဆီးရေး၊မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်ရေး စိတ်ကြွရူးသွပ်ဆေးများ၏အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကွမ်းစားသုံးခြင်းနှင့် စည်းကမ်းမဲ့ ကွမ်းတံထွေး ထွေးမှုများ ကျဆင်းပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင် သိရ သည်။

ထူးနောင်(ပြန်ဆက်)