သံဖြူဇရပ် ဒီဇင်ဘာ ၆
ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက “စာရေးဆရာမ ခင်စောတင့် ရေးသားသော” “သင့်ဘဝကိုပြောင်းလဲပစ်နိုင်မယ့် နည်းလမ်း ၆၀”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ “စာရေးဆရာမ ခင်စောတင့်ရေးသားသည့်” သင့်ဘဝကိုပြောင်းလဲပစ်နိုင်မယ့် နည်းလမ်း ၆၀ “စာအုပ်တွင်ပါရှိသည့် “အောင်နိုင်သူဖြစ်ပါစေ” အကြောင်းအရာပါ သင်တကယ် လိုချင်တာဘာလဲ၊ လိုက်လျောညီထွေဖြစ်ပါစေ၊ ရည်မှန်းချက်ပန်းတိုင်ကိုတော့ အလေးအနက် အာရုံစူးစိုက်မှု မပျက်ပါစေနှင့်စသည့် အကြောင်းအရာကို စာပေချစ် မြတ်နိုးသူဦးနေထက်လင်းက ဖတ်ကြားဆွေးနွေးသည်။
ဆက်လက်၍ “ပင်ကိုမူလဖြစ်တည်မှုကိုမြှင့်တင်ပါ” အကြောင်းအရာပါ လူတိုင်းဟာတစ်ဦးနှင့် တစ်ဦးမတူညီတဲ့ စရိုက်လက္ခဏာတွေ၊ ဘယ်သူနဲ့မှမတူညီတဲ့ ဘဝအကျိုးပေးပုံ စသည့် အကြောင်းအရာများကို စာပေဝါသနာရှင် ဒေါ် ဝင်းဝင်းမော်ကဖတ်ကြားဆွေးနွေးသည်။
ထို့နောက် “ပျော်ရွှင်မှုကိုရှာဖွေတဲ့သူဖြစ်ပါစေ” အကြောင်းအရာပါ သင်ကပျော်ရွှင်တဲ့သူနဲ့ ပေါင်းသင်းဆက်ဆံပါသလား၊ သင်ကစိတ်ပျော်ရွင်မှုကို ရှာဖွေတဲ့သူလား၊ သင့်ကိုပျော်ရွှင်မှုနဲ့ဝမ်း မြောက်ကြည်နူးမှုကိုပေးတဲ့ အရာကိုရှာဖွေဖော်ထုတ်ပါ၊ သင့်ဘဝ သာယာချမ်းမြေ့ဖို့မျှော် မှန်းတယ်ဆိုရင် ပျော်ရွှင်ကြည်နူးမှုကို သင်တွေ့လာမှာ အမှန်ပါပဲဖြစ်ကြောင်း စာပေဝါသနာရှင်ဒေါ်သီသီနိုင်က ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာကြသည့် မြို့နယ်အတွင်းစာပေဝါသနာရှင်များမှ စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေး နွေးခဲ့ကြသည်။
သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်း၊ စာဖတ်ပရိသတ် စာပေဝါသနာရှင်များ စာဖတ်သည့် အလေ့အကျင့်အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိဖြင့် သူတပါး အားမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မိုးစည်သူ(ပြန်/ဆက်)