မွန်ပြည်နယ်

မုဒုံမြို့နယ်၊ ကော့လှကျေးရွာတွင် လယ်ဧက ၁၀၀  အကျိုးပြုမည့်  ကျေးလက်ကုန်ထုတ်လမ်း အကောင်ထည်ဖော်ဆောင်ရွက်နေ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကော့လှကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ်၌ “ မရှိ၍မလင်းသူ မရှိစေရ ” အစီအစဉ်ဖြင့် အခမဲ့ မျက်စိစစ်ဆေးပေးပြီး မျက်မှန်များ လှူဒါန်း

မွန်ပြည်နယ်၊ မုဒုံမြိုနယ်တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ “မရှိ၍မလင်း သူမရှိစေရ” အစီအစဉ်ဖြင့် မျက်စိ‌ရောဂါဝေဒနာရှင်များအား အခမဲ့ မျက်စိစမ်းသပ် စစ်ဆေးပေခြင်းနှင့် မျက်မှန်လှူဒါန်းပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့မ (၂)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ လာရောက်ဆောင်ရွက်သည်။

ဘီးလင်းမြို့နယ်၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်​ပြုသောအားဖြင့် ဟောပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်​​ပြပွဲ နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကား ဝိုင်းကျင်းပပြီး နံရံကပ်စာစောင်ပြသ

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက. အ.ထ.က (ခွဲ)ကျိုက်မရောကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့ အ.ထ.က (ရွှေဥဩ)၌ စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ် မြတ်နိုးသူများအသင်း (BookClub)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲတွင် အခြေခံပညာ အထက်တန်းကျောင်း(ရွှေဥဩ) အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

မုဒုံမြို့ရှိ ကျေးရွာ(၅)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သော လုပ်ငန်းများရာနှုန်းပြည့်ပြီးစီး

မွန်ပြည်နယ် မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၅)ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေများဖြင့် ဆောင်ရွက်သောလုပ်ငန်များ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် (Grade5) သင်ရိုးသစ်  စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာမူလတန်း အဆင့် (Grade-5) သင်ရိုးသစ် စာမေးပွဲဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက  အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း  မော်လမြိုင်မြို့ ခေါင်းဆေးကျွန်း ဆိပ်ခံတံတား တည်ဆောက်ပြီးစီးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်အတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအနေဖြင့် မော်လမြိုင်မြို့၊ သမိုင်းဝင် ခေါင်းဆေးကျွန်းစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုရာတွင် သွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်ရှိ ခေါင်းဆေးကျွန်းဆိပ်ခံတံတား တည်ဆောက်ပြီးစီးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ပြည်နယ်ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်