မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ပြည်နယ်ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင်(၂၀၂၂-၂၀၂၃) ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5) စာမေးပွဲဆိုင်ရာမေးခွန်းတည်ဆောက်ပုံ ဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် အခြေခံပညာဦးစီးဌာနမှ(၂၀၂၂-၂၀၂၃ ) ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5)ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲဆိုင်ရာမေးခွန်းတည်ဆောက်ပုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁၂ )နာရီခွဲအချိန်က အ.ထ.က (ချောင်းဆုံ )သီရိရတနာ ခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက် လိုက်လံဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့ရှိ အမက(စိန်ကုန်း)နှင့် အမက(ရှမ်းစု) အခြေခံပညာမူလတန်းကျောင်းတို့၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

သံဖြူဇရပ်မြို့နယ် မူလတန်းကြိုကျောင်း၌ ကျား/မ ရေးရာ(Gender)နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ကျား/မ ရေးရာ(Gender)နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာပျူဟာ စီမံကိန်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေံနံနက် ၁၁ နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သည်။

ချောင်းဆုံမြို့နယ်တွင် မြေဆီစူပါဩဂဲနစ်သဘာဝမြေဩဇာ မိတ်ဆက်ခြင်းနှင့် တောင်သူများအား အသုံးပြုနိုင်ရေး ပညာပေး ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ တောင်သူများစိုက်ပျိုးရေးကဏ္ဍတွင် အထွက်နှုန်းတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဩဂဲနစ်သဘာဝမြေဩဇာဖြန့်ဖြူးရေးလုပ်ငန်းတို့ ပူးပေါင်းပြီး မြေဆီစူပါကုမ္ပဏီမှထုတ်လုပ်သည့် ဩဂဲနစ်သဘာဝမြေဩဇာအား တောင်သူများလက်တွေ့အသုံးချနိုင်ရေး ပညာပေးဟောပြောခြင်းနှင့် ကုန်ပစ္စည်းမိတ်ဆက် ရှင်းလင်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့က မြို့နယ်ကျွန်းသာယာခန်းမတွင် ကျင်းပသည်။

သထုံမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့်(Grade-5)သင်ရိုးသစ် စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊သထုံမြို့နယ်တွင်  (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့်(Grade-5)သင်ရိုးသစ် စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်က  အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ငွေကျပ်သိန်း ၃၀၀ ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် တောင်ပကျေးရွာတွင် လုပ်ငန်းဆောင်ရွက်နေမှုများကို ဒီဇင်ဘာ ပထမပတ်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာမူလတန်း အဆင့် Grade 5 (မြို့နယ်အဆင့်)စာ‌မေးပွဲ‌ မေးခွန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ပဉ္စမတန်း Grade 5 (မြို့နယ်အဆင့်) စာမေးပွဲမေးခွန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ကာ ဒီဇင်ဘာ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ နံနက် ၆ နာရီအချိန်က ကျင်းပြုလုပ်သည်။

မုဒုံမြို့တွင် ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးနှင့် မေးခွန်းများဖြေဆိုခြင်း ကျင်းပ

၂၀၂၂ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျတ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်း ကျောင်းသား/သူများအား ကျန်းမာရေးအတွက် မေးခွန်း (၁၀၀) ဖြေဆိုခြင်းနှင့် အသိပညာပေးခြင်း ဟောပြောပွဲကို ယမန်နေ့က  အ.ထ.က (၃) စာသင်ကျောင်း၌ ကျင်းပသည်။
Subscribe to မွန်ပြည်နယ်