ဘီးလင်း ဒီဇင်ဘာ ၁၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အသိပညာပေး ဟောပြောသည်။
ယင်းနောက် မူလတန်းအဆင့် ပုံပြင်ပြော၊ ကဗျာရွတ်၊ သင်္ချာဉာဏ်စမ်း၊ မြန်မာစာစွမ်းရည်ပြိုင်ပွဲ ဆေးရောင်ခြယ်၊ ပန်းချီဆွဲ၊ အာလူးကောက်နှင့် သားရေကွင်းကောက် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၃၄ ဦးတို့က အဖွဲ့များခွဲ၍ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊ သုတစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ စိတ်ဝင်တစား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထူးနောင်(ပြန်/ ဆက်)