မွန်ပြည်နယ်

တက္ကသိုလ်များတွင် အသုံးချဘာသာရပ် (Applied Subjects)တိုးချဲ့ သင်ကြားနိုင်ရေးညှိနှိုင်းဆွေးနွေးပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း တက်ရောက်

ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးကိုဦးတည်၍ တက္ကသိုလ်များတွင် အသုံးချဘာသာရပ် (Applied Subjects)တိုးချဲ့သင်ကြားနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်တက္ကသိုလ်(ဘက်စုံခန်းမ)၌ ကျပ်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊   ပြည်နယ်အဆင့်ဝန်ကြီးများ တက္ကသိုလ်ဆရာ၊‌ ဆရာမများတက်ရောက်ကြသည်။

မုဒုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍  ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်းကာ အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်  ၁၀  နာရီက ရှင်အရဟံခန်းမ၌ ကျင်းပသည်။

မုဒုံမြို့နယ်၊ ကော့ခိုက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေပြီး မိသားစုဝင်ငွေတိုးပွားလာကာ ဆင်းရဲမှုလျော့ကျစေရန်ရည်ရွယ်၍  မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကော့ခိုက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်ထားသောလုပ်ငန်းများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

သံဖြူဇရပ်မြို့နယ်၊ ပြည်သူ့ဆေးရုံစည်းဝေးခန်းမ၌ မျက်စိဝေဒနါရှင်များအား အခမဲ့စမ်းသပ်စစ်ဆေးပေးခြင်းပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် ရွှေမျက်မှန်ပရဟိတအသင်း (One dollar glas foundation)တို့၏ ပူးပေါင်းမှုတို့ဖြင့်မွန်ပြည်နယ်အတွင်း"မရှိ၍မလင်းသူမရှိစေရ" အစီအစဉ်အရ သံဖြူဇရပ်မြို့နယ်အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်များအား အခမဲ့စမ်းသပ်စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကုသသည်။

သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဒေသဖွံဖြိုးရေးလုပ် ငန်းများ  ဖြည့်ဆည်းပေးနိုင်ရေးဆက်လက်ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက ဝယ်ကဝါကျေးရွာအုပ်စု၊ အောင်ကုသိုလ်ရပ်၊အောင်သုခ ဘုန်းတော်ကြီးကျောင်း (ဓမ္မာရုံ)၌ ကွင်းဆင်း၍  ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံသည်။

ချောင်းဆုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအသိပညာဗဟုသုတတိုးပွားရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့်အသိပညာပေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယနေ့နံနက်က ချောင်းဆုံမြို့နယ်ရှိ အမက(ခရိုက်သစ်)  အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

သံလွင်မြစ်(ဒရယ်ပေါက်)ရေကြောင်းလမ်းတိုးတက်ကောင်းမွန်စေရေးနှင့် သောင်တူးဖော်ရှင်းလင်းခြင်း လုပ်ငန်းစီမံကိန်းအတွက် သက်ဆိုင်ရာဌာနများနှင့် ရပ်မိရပ်ဖများအားတွေ့ဆုံ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်နှင့်ပေါင်မြို့နယ်အကြားရှိ သံလွင်မြစ်(ဒရယ်ပေါက်)ရေကြောင်း လမ်းတိုးတက်ကောင်းမွန်စေရေးနှင့် သောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းစီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ နယ်ပယ်သတ်မှတ်ခြင်းအတွက် သက်ဆိုင်ရာဌာနများနှင့် ပထမအကြိမ်တွေ့ဆုံပွဲကို ချောင်းဆုံမြို့ကျွန်းသာယာခန်းမတွင် ယနေ့နံနက် ၉ နာရီကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဘီးလင်းမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေး ပြုလုပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘီးလင်းမြို့နယ်မှ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ဒီဇင်ဘာ ၁၃ ရက် နံနက်(၁၀)နာရီက ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ်၊ ကော့လှကျေးရွာတွင် လယ်ဧက ၁၀၀  အကျိုးပြုမည့်  ကျေးလက်ကုန်ထုတ်လမ်း အကောင်ထည်ဖော်ဆောင်ရွက်နေ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကော့လှကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်